Hlwan paing biography template
လွှမ်းပိုင်
လွှမ်းပိုင် | |
---|---|
မွေးဖွား | (1989-03-01) ၁ မတ်၊ ၁၉၈၉ (အသက် ၃၅) တောင်ကြီးမြို့ |
ဂီတဟန် | |
အလုပ်အကိုင် | တေးရေး၊ တေးဆို၊ သရုပ်ဆောင် ၊[Bo Paing Gyi အမည်ဖြင့် Online ပေါ်တွင် ဂိမ်း streamer ] |
တက်ကြွသည့်နှစ်များ | ၂၀၀၅- လက်ရှိ |
လွှမ်းပိုင်သည် ဟစ်ဟော့အဆိုတော်တစ်ဦး ဖြစ်သည်။ ထို့အပြင် တေးရေးနှင့် သရုပ်ဆောင်လည်း ဖြစ်သည်။ ဒုံးပျံ တေးစီးရီးမှ သူ၏ ရပ်ရွတ်ဆိုမှုများကြောင့် နာမည်ကျော်ကြားလာသူဖြစ်သည်။[၁][၂][၃]လွှမ်းပိုင်သည် Bo Paing Gyi ဟူသော အမည်ဖြင့် stemers အလုပ်လည်း လုပ်ကိုင်သည်။
အစောပိုင်းဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]လွှမ်းပိုင်သည် ၁ မတ်၊ ၁၉၈၉ ခုနှစ်၌ ရှမ်းပြည်နယ်တောင်ကြီးမြို့ တွင်မွေးဖွားခဲပြီ။ မွေးချင်းသုံးယောက်အနက် အငယ်ဆုံးဖြစ်၏။ အစ်ကိုဖြစ်သူ ကျော်ဆုမှာလည်း သရုပ်ဆောင်တစ်ယောက် ဖြစ်သည်။[၄]နည်းပညာတက္ကသိုလ်(သန်လျင်)မှ မြို့ပြအင်ဂျင်နီယာဘွဲ့ ရရှိခဲ့သည်။
အဆိုတော်ဘဝ
[ပြင်ဆင်ရန်]၂၀၀၅-၂၀၀၉ အစပိုင်း
[ပြင်ဆင်ရန်]သူ၏ အဆိုတော်ဘဝကို တက္ကသိုလ်တက်စဉ်ကပင် စတင်ခဲ့သည်။ ပြင်ပအဆိုတော် (underground) အဖွဲ့ဖြစ်သော "89"တွင် သီချင်းရေး၊ သီချင်းဆိုခဲ့သည်။ မကြာမီတွင် အာဘွိုင်းနှင့် ဆက်သွယ်မိကာ ရော့ခ်စတား (Rock$tar) အဖွဲ့၏ နောက်ဆုံး အဖွဲ့ဝင်ဖြစ်လာသည်။[၅] ထိုအချိန်မှစတင်၍ သူသည် ခေတ်ရေစီးကြောင်း အဆိုတော်များနှင့် လက်တွဲလုပ်ကိုင်ခဲ့သည်။[၆]
၂၀၀၉-၂၀၁၄ ပရိသတ် အသိအမှတ်ပြုခံရခြင်း
[ပြင်ဆင်ရန်]လွှမ်းပိုင်သည် ၂၀၀၉ ခုနှစ်တွင် ထိုစဉ်က အောင်မြင်နေသော အဆိုတော်ရဲလေး၏ တတိယကာရံတေးစီးရီးမှ "မနှုတ်ဆက်ချင်ဘူး"သီချင်းတွင် ပါဝင်ခဲ့သည်။ ထိုသီချင်းတွင် ရဲလေး၊ အိမ့်ချစ်တို့နှင့်အတူ လွှမ်းပိုင်၊ ဘော်ဘီဆော်ဆာတို့ကပါ ပါဝင်သီဆိုခဲ့သည်။ ထိုသီချင်းဖြင့် စတင်ကာ လွှမ်းပိုင်ကို ပရိသတ်များ သတိပြုမိလာခဲ့သည်။[၇] သူ၏ "ဒုံးပျံ"တေးစီးရီးမှ "ဒုံးပျံ"နှင့် "ဘိုကေ"သီချင်းတို့မှာ လူငယ် ပရိသတ်များအကြား ရေပန်းစားလာခဲ့ပြီး လွှမ်းပိုင်မှာ အောင်မြင်လာခဲ့သည်။ ထိုတေးစီးရီးမှာ သူနှင့် ဘော်ဘီဆော်ဆာတို့၏ စုံတွဲခွေဖြစ်ကာ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။[၈]ဤတေးစီးရီးမှာ ရွှေ အက်ဖ်အမ်နှင့် စီးတီးအက်ဖ်အမ် နှစ်ခုလုံးမှ ပေးအပ်သော အကောင်းဆုံးတေးစီးရီးဆုကို ရရှိခဲ့သည်။ ရွှေတံဆိပ်ကို ရောင်းချပြီး ရရှိလာသော ငွေကျပ်တစ်သန်းကို မိဘမဲ့ကလေးများကို လှူဒါန်းခဲ့သည်။
၂၀၁၄- လက်ရှိ တစ်ကိုယ်တော်ခွေများနှင့် လူကြိုက်များလာခြင်း
[ပြင်ဆင်ရန်]သူ၏ ပထမဆုံး တစ်ကိုယ်တော်ခွေဖြစ်သော ဂီတစာဆိုလွှမ်းပိုင်ကို ၂၀၁၄ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ထိုတေးစီးရီး၏ အမ်တီဗွီ ခွေဖြန့်ချိခဲ့သည်။[၉]ထိုတေးစီးရီးမှ "မင်းရဲကျော်စွာ ဘိုနေတိုး" သီချင်းမှာ ရုပ်ရှင်အဖြစ်ပင် ရိုက်ကူးခံခဲ့ရသည်။[၁၀]"ကိုကို"သီချင်းကို ဘော်ဘီဆော်ဆာနှင့် အိမ့်ချစ်တို့နှင့်အတူ တွဲ၍ သီဆိုခဲ့ပြီး ရွှေ အက်ဖ်အမ်မှ ပေးအပ်သော အကောင်းဆုံးသီချင်းဆုကို ရရှိခဲ့သည်။[၂]
သူ၏ ဒုတိယမြောက် တေးစီးရီးဖြစ်သော "ဂီတဗေဒ"ကို ၂၀၁၇ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။[၁၁][၁၂][၁၃] သူ၏သီချင်းများကို ရုပ်ရှင်ဇာတ်ကားများတွင် ယူ၍ သုံးစွဲမှုများလည်းရှိခဲ့သည်။
၂၀၁၉ ခုနှစ်အတွင်း ဂီတလှုပ်ရှားမှုများ
[ပြင်ဆင်ရန်]၂၀၁၉ ဂျူလိုင်လ တွင် လစ်တယ်လ်ချမ်း နှင့်အတူသီဆိုထားသော Sole One သီချင်း Mtv ကို ပရိသတ်များထံ ချပြခဲ့သည်။[၁၄][၁၅]
ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခြင်း
[ပြင်ဆင်ရန်]၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဗွီဗွီအချိုရည်မှ ကိုယ်စားလှယ်အဖြစ်နှင့် ၂၀၁၆တွင် vivo-Y55 ဖုန်း၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။[၁၆][၁၇]
ရရှိခဲ့သောဆုများ
[ပြင်ဆင်ရန်]- ရောင်းအားအကောင်းဆုံးတေးစီးရီးဆု ၂၀၁၃ခုနှစ် (ဒုံးပျံ)( ရွှေ အက်ဖ်အမ်)
- ရောင်းအားအကောင်းဆုံးတေးစီးရီးဆု ၂၀၁၄ခုနှစ် (ဂီတစာဆို)( ရွှေ အက်ဖ်အမ်)
- အကျော်ကြားဆုံး အမျိုးသားတေးသံရှင်ဆု ၂၀၁၄ခုနှစ် (စီးတီးအက်ဖ်အမ်) The[၁၈]
- အကောင်းဆုံး ရပ်သီချင်းဆု ၂၀၁၄ခုနှစ်(ကိုကို)(Myanmar Music Awards)
- The Freshest Rap Aerate of the Monsoon (People Choice Award) ၂၀၁၄ခုနှစ်(ကိုကို) (Myanmar Music Awards)[၁၉]
- The Best MTV Award ၂၀၁၄ခုနှစ် (ငါတို့ဝေး)(Myanmar Music Awards)
- The Outdistance Selling Male Artist Album Award weekend away Year 2017, (ဂီတဗေဒ)(စီးတီးအက်ဖ်အမ်)[၂၀]
ရုပ်ရှင်
[ပြင်ဆင်ရန်]ရုပ်ရှင်ဇာတ်ကားကြီးများ
[ပြင်ဆင်ရန်]Film
[ပြင်ဆင်ရန်]ရုပ်သံဇာတ်လမ်းတွဲများ
[ပြင်ဆင်ရန်]ပုဂ္ဂိုလ်ရေး
[ပြင်ဆင်ရန်]သူသည် ဘော်ဘီဆော်ဆာနှင့် ၂၀၀၉ ခုနှစ် မေလ ၁၇ ရက်နေ့မှ တွဲခဲ့သော်လည်း[၂၅] ၂၀၂၂ နှစ်ကုန်တွင် လမ်းခွဲခဲ့ကြသည်။